လူနာ ဂွစာ (၁၄)
20-Mar-2017ကိုဂွစာ သူ့ကို ကုသပေးနေကျ ဆရာဝန်ထံ ရောက်လာသည်...
"ဟာ ဆရာ... ထမင်းစားတော့မလို့လား? အတော်ပဲ ကျွန်တော် မှိုဟင်း ချက်လာတယ်... တခါတည်း စားလိုက်ပါဆရာ..."
စားရင်းသောက်ရင်း ဆရာဝန်က
"ကိုဂွစာရဲ့ မှိုဟင်းကတော့ ရှယ်ပဲဗျာ... ဈေးက ဝယ်လာတာလား?"
" မဟုတ်ဘူး ဆရာ... တောထဲက နှုတ်လာတာ..."
" သြော်... ဒါနဲ့ ခင်ဗျားပါ တခါတည်း ဝင်စားသွားပါလား..."
" မစားသေးပါဘူးဆရာရယ်...
" ဘာဖြစ်လို့လဲ... အားမနာပါနဲ့ဗျ..."
" အားနာလို့ မဟုတ်ပါဘူးဆရာ... ဒါပေမယ့် ကျွန်တော် နာရီဝက်လောက် စောင့်ကြည့်ချင်သေးတယ်ခင်ဗျ..."
:D :D :D
Credit : ကြယ်မင်းတာရာ